4 သူသည်ရုပ်တုဝတ်ပြုကိုးကွယ်ရာဌာနများ ကိုဖျက်သိမ်း၍ ကျောက်တိုင်များကိုချိုးဖျက် ကာအာရှရဘုရားမအားဆက်ကပ်ပူဇော် ထားသည့်တံခွန်တိုင်တို့ကိုခုတ်လှဲ၏။ မောရှေ ပြုလုပ်ခဲ့သည့်ကြေးဝါမြွေကိုလည်း အပိုင်း ပိုင်းဖြတ်လေသည်။ ထိုမြွေရုပ်ကားနဟုတ္တန်ဟု နာမည်တွင်၍ ဣသရေလအမျိုးသားတို့ သည်ထိုအချိန်ကာလတိုင်အောင်ပင် ထိုမြွေ ရုပ်အားနံ့သာပေါင်းကိုမီးရှို့၍ပူဇော်ခဲ့ ကြသတည်း။-
5 ဟေဇကိသည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားကိုကိုးစား သူဖြစ်၏။ ရှေးကာလမှစ၍နောင်ကာလ တိုင်အောင် ယုဒပြည်တွင်သူကဲ့သို့သော ဘုရင်တစ်ပါးမျှမပေါ်ပေါက်ချေ။-
6 သူသည်ထာဝရဘုရားအားသစ္စာစောင့်၍ ကိုယ် တော်၏စကားတော်ကိုအဘယ်အခါ၌မျှ မလွန်ဆန်။ မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုသေချာစွာ စောင့်ထိန်း၏။-
7 သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။-
8 ဖိလိတ္တိပြည်သားတို့ကိုလည်းတိုက်ခိုက်နှိမ်နင်း လေ၏။ ဂါဇမြို့နှင့်ပတ်ဝန်းကျင်နယ်မြေအပါ အဝင်သူတို့နေထိုင်ရာ အငယ်ဆုံးကျေးရွာ မှအကြီးဆုံးမြို့သို့တိုင်အောင်သွားရောက် တိုက်ခိုက်လုယက်လေသည်။
9 ဣသရေလဘုရင်ဟောရှေ၏နန်းစံခုနစ် နှစ်မြောက်၊ ဟေဇကိမင်း၏နန်းစံလေးနှစ်မြောက် ၌ အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်၍ ရှမာရိမြို့ကိုဝိုင်းရံထား၏။-
10 သုံးနှစ်ကြာသောအခါရှမာရိမြို့ကျဆုံး သွားလေသည်။ ယင်းသို့ဖြစ်ပျက်သည်မှာဟေ ဇကိ၏နန်းစံလေးနှစ်မြောက်နှင့် ဟောရှေ၏ နန်းစံကိုးနှစ်မြောက်၌ဖြစ်သတည်း။-