1 ဧလိယအားလေပွေဖြင့် ကောင်းကင်ဘုံသို့ ထာဝရဘုရားဆောင်ယူတော်မူရန်အချိန် ကျရောက်လာ၏။ ဧလိယနှင့်ဧလိရှဲသည် ဂိလဂါလမြို့မှထွက်ခွာလာကြရာ၊-
2 လမ်းတွင်ဧလိယက``ဤတွင်နေရစ်ပါလော့။ ငါ့အားထာဝရဘုရားသည် ဗေသလမြို့ သို့စေလွှတ်တော်မူသည်'' ဟုဧလိရှဲအား ပြော၏။သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍သူတို့နှစ်ဦးသည်ဗေသလမြို့ သို့ဆက်၍သွားကြ၏။
3 ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ကိုယ်တော်၏သခင် ကိုကိုယ်တော့်ထံမှ ယနေ့ထာဝရဘုရားရုပ် သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟုမေး ကြ၏။ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော'' ဟုပြန်၍ဖြေကြား၏။
4 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤအရပ် တွင်နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယေရိခေါမြို့သို့စေလွှတ်တော်မူသည်'' ဟုဆို၏။သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင်နှင့် ခွဲခွာလိမ့်မည်မဟုတ်ကြောင်း အသက်ရှင်တော် မူသောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ်ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင် တည်၍ကျိန်ဆိုပါ၏'' ဟုပြန်ပြောလေ၏။ သို့ ဖြစ်၍သူတို့သည်ယေရိခေါမြို့သို့သွား ကြ၏။
5 ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော့'' ဟုပြန်၍ဖြေကြား၏။
6 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
7 ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။-