13 ထိုနောက်သူသည်ဧလိယထံမှကျခဲ့သည့် ဝတ်လုံကိုကောက်ယူပြီးလျှင် ယော်ဒန်မြစ် သို့ပြန်လာ၏။-
14 သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
15 ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
16 ``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။ဧလိရှဲက``သင်တို့မသွားကြပါနှင့်'' ဟု တားမြစ်၏။
17 သို့ရာတွင်သူတို့သည်အကြိမ်ကြိမ်တောင်းပန် ကြသဖြင့် ဧလိရှဲသည်သူတို့အားခွင့်ပြုလိုက် လေသည်။ ထိုသူငါးကျိပ်တို့သည်သုံးရက်တိုင် တိုင် တစ်တောင်တက်ဆင်းရှာဖွေကြသော်လည်း ဧလိယကိုမတွေ့ကြ။-
18 ထိုအခါသူတို့သည်ယေရိခေါမြို့တွင် စောင့်လျက် နေသည့်ဧလိရှဲ၏ထံသို့ပြန်လာကြ၏။ ထိုအခါ ဧလိရှဲက``သင်တို့အားမသွားကြရန်ငါပြော သည်မဟုတ်လော'' ဟုဆိုလေ၏။
19 ယေရိခေါမြို့သားအချို့တို့သည် ဧလိရှဲထံ သွား၍``အရှင်၊ အရှင်သိတော်မူသည့်အတိုင်း ဤမြို့သည်သာယာသောမြို့ပင်ဖြစ်သော်လည်း ရေမကောင်းသဖြင့်နေထိုင်သူတို့သားပျက် တတ်ပါသည်'' ဟုလျှောက်ကြ၏။