၄ ရာ 21:10-16 BCL

10 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ များ​နှင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်၊-

11 ``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-

12 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သ​တင်း ကြား​သူ​တိုင်း​အံ့​သြ​လောက်​အောင် ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အား​ဘေး​သင့်​စေ​မည်။-

13 ရှ​မာ​ရိ​မြို့​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့် သား​မြေး​တို့​ကို​ဒဏ်​ခတ်​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​ကို​ငါ​ဒဏ်​ခတ်​မည်။ စင်​အောင်​သုတ်​၍​မှောက် ထား​သည့်​ပန်း​ကန်​သ​ဖွယ် ယေ​ရု​ရှ​လင်​မြို့​တွင် လူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​အောင်​သုတ် သင်​ရှင်း​လင်း​မည်။-

14 မ​သေ​ဘဲ​ကျန်​ရစ်​သူ​တို့​ကို ငါ​သည်​စွန့်​၍​ရန်​သူ များ​၏​လက်​သို့​အပ်​မည်။ ရန်​သူ​တို့​သည်​သူ​တို့ ကို​နှိမ်​နင်း​၍ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု ယူ​ကြ​လိမ့်​မည်။-

15 ငါ​၏​လူ​မျိုး​တော်​သည်​သူ​တို့​၏​ဘိုး​ဘေး များ​အီ​ဂျစ်​ပြည်​က​ထွက်​ခွာ​လာ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ငါ့​အား​ပြစ်​မှား​လျက် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​နေ​ကြ​သ​ဖြင့် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

16 မ​နာ​ရှေ​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ရုပ်​တု​ကိုး ကွယ်​စေ​ရန် ရှေ့​ဆောင်​လမ်း​ပြ​ကာ​ထာ​ဝရ​ဘု​ရား အား​ပြစ်​မှား​စေ​၏။ ထို့​အ​ပြင်​အ​ပြစ်​မဲ့​သူ​လူ အ​မြောက်​အ​မြား​ကို​သတ်​၍ ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​တွင်​သွေး​ချောင်း​စီး​စေ​လေ​သည်။