8 ဣသရေလအမျိုးသားတို့သည်ငါ၏အမိန့် တော်ရှိသမျှကိုလိုက်နာ၍ မောရှေပေးအပ် သည့်ပညတ်တရားကိုစောင့်ထိန်းကြလျှင် ငါ သည်သူတို့ကိုဘိုးဘေးတို့အားငါပေးအပ် ခဲ့သည့်ပြည်တော်မှနှင်ထုတ်တော်မူမည် မဟုတ်'' ဟုမိန့်တော်မူခဲ့၏။-
9 သို့ရာတွင်ယုဒပြည်သူတို့သည် ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ကြ။ ကိုယ်တော်၏လူမျိုးတော်အားခါနာန်ပြည် သို့ ဣသရေလအမျိုးသားတို့ချီတက်လာ ချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက် သည့်လူမျိုးတို့ထက်ပင် ပိုမိုဆိုးရွားစွာ အပြစ်ကူးလွန်ကြစေရန်မနာရှေရှေ့ ဆောင်လမ်းပြ၏။
10 ထာဝရဘုရားသည် မိမိ၏အစေခံ များနှင့်ပရောဖက်များမှတစ်ဆင့်၊-
11 ``မနာရှေသည်ဤစက်ဆုတ်ဖွယ်ကောင်းသော အမှုတို့ကိုပြုလေပြီ။ ခါနာန်အမျိုးသား တို့ပြုသောအမှုများထက်ပင် လွန်စွာပိုမို ဆိုးရွားသည့်အမှုတို့ကိုပြုလေပြီ။ သူသည် မိမိ၏ရုပ်တုများအားဖြင့် ယုဒပြည်သူ တို့အားအပြစ်ကူးလွန်စေရန်ရှေ့ဆောင် လမ်းပြ၏။-
12 သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သတင်း ကြားသူတိုင်းအံ့သြလောက်အောင် ယေရုရှလင် မြို့နှင့်ယုဒပြည်အားဘေးသင့်စေမည်။-
13 ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
14 မသေဘဲကျန်ရစ်သူတို့ကို ငါသည်စွန့်၍ရန်သူ များ၏လက်သို့အပ်မည်။ ရန်သူတို့သည်သူတို့ ကိုနှိမ်နင်း၍ သူတို့၏ဥစ္စာပစ္စည်းများကိုလု ယူကြလိမ့်မည်။-