12 အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
13 ယောရှိသည်ယေရုရှလင်မြို့၏အရှေ့၊ သံ လွင်တောင်၏တောင်ဘက်၌ဇိဒုန်ဘုရားအာရှ တရက်၊ မောဘဘုရားခေမုရှနှင့်အမ္မုန်ဘုရား မောလုတ်တို့ကိုကိုးကွယ်ရန် ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သောယဇ်ပလ္လင်များကိုလည်း ညစ်ညမ်းစေတော်မူ၏။-
14 ယောရှိမင်းသည်ကျောက်တိုင်များကိုဖြိုဖျက် ၍ အာရှရဘုရားမ၏တံခွန်တိုင်များကို ခုတ်လှဲကာ ယင်းတို့တည်ရာဌာနများတို့ကို လူသေအရိုးတို့နှင့်ပြည့်စေလေ၏။-
15 သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
16 ထိုနောက်သူသည်လှည့်လည်၍ကြည့်သောအခါ တောင်ပေါ်တွင်သင်္ချိုင်းအချို့ကိုတွေ့မြင်သဖြင့် ထိုသင်္ချိုင်းများမှလူရိုးတို့ကိုထုတ်ယူကာ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့စေ၏။ ဤနည်းအားဖြင့် မင်းကြီးသည် ထိုယဇ်ပလ္လင်ကိုညစ်ညမ်းစေတော် မူသတည်း။ ဤသို့ဖြစ်ပျက်ရခြင်းမှာလွန် လေပြီးသောအခါက ယေရောဗောင်မင်းသည် မိမိကျင်းပသည့်ဘာသာရေးပွဲတော်အခါ ၌ယဇ်ပလ္လင်အနီးတွင်ရပ်လျက်နေစဉ် ပရော ဖက်တစ်ပါးဟောကြားခဲ့သည့်ဗျာဒိတ်တော် အတိုင်းပင်ဖြစ်ပေသည်။ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ပြန်ရာယင်းသို့ဟောကြား ခဲ့သည့်ပရောဖက်၏သင်္ချိုင်းကိုတွေ့မြင် လျှင်၊-
17 ဤသင်္ချိုင်းကားမည်သူ၏သင်္ချိုင်းဖြစ် သနည်း'' ဟုမေးတော်မူ၏။ဗေသလမြို့သားတို့က``ဤသင်္ချိုင်းသည် ယုဒ ပြည်မှလာသောပရောဖက်၏သင်္ချိုင်းဖြစ်ပါ သည်။ ထိုပရောဖက်ကားဤအရပ်ရှိယဇ်ပလ္လင် တွင် အရှင်ပြုတော်မူသောအမှုအရာတို့ကို ကြိုတင်ဟောကြားခဲ့သူဖြစ်ပါ၏'' ဟုပြန်၍ လျှောက်ထားကြ၏။
18 ယောရှိက``ထိုသင်္ချိုင်းကိုရှိမြဲရှိစေလော့။ သူ၏အရိုးတို့ကိုမရွှေ့မပြောင်းကြနှင့်'' ဟုမိန့်တော်မူ၏။သို့ဖြစ်၍သူ၏အရိုးတို့ကိုလည်းကောင်း၊ ရှမာရိ မြို့မှလာသောပရောဖက်၏အရိုးတို့ကိုလည်း ကောင်းမရွှေ့မပြောင်းဘဲထားကြ၏။