34 နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။
35 ယောယကိမ်မင်းသည်အီဂျစ်ဘုရင်တောင်းခံ သည့်အခွန်ဘဏ္ဍာကိုဆက်သနိုင်ရန် ပြည်သူ တို့ထံမှဋ္ဌနအင်အားအလိုက်အချိုးကျ အခွန်တော်ကိုကောက်ခံလေသည်။
36 ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင် တစ်ဆယ့်တစ်နှစ်နန်းစံ ရလေသည်။ သူ၏မယ်တော်မှာရုမမြို့သား ပေဒဲယ၏သမီးဇေဗုဒဖြစ်၏။-
37 ယောယကိမ်သည်ဘေးတော်ဘိုးတော်တို့၏ လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။