1 ယောယကိမ်နန်းစံချိန်၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်သို့ချင်းနင်း ဝင်ရောက်လာ၏။ ယောယကိမ်သည်လည်းသုံး နှစ်တိုင်တိုင် သူ၏ထံတွင်အညံ့ခံလျက်နေ ပြီးမှပုန်ကန်လေ၏။-
2 ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
3-4 ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။
5 ယောယကိမ်လုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။-
6 ယောယကိမ်ကွယ်လွန်သောအခါသူ၏သား တော်ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
7 အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။