၄ ရာ 24:15-20 BCL

15 နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-

16 သူ​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​စု​စု​ပေါင်း လူ​ခု​နစ်​ထောင်​ကို ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး ခေါ်​ဆောင်​သွား​၏။ ထို့​ပြင်​ပန်း​ပဲ​ဆ​ရာ​များ အ​ပါ​အ​ဝင်​အ​တတ်​ပ​ညာ​သည်​တစ်​ထောင် ကို​လည်း​ခေါ်​ဆောင်​သွား​၏။ ထို​သူ​အား​လုံး​ပင် ကိုယ်​လက်​သန်​စွမ်း​၍​စစ်​မှု​ထမ်း​နိုင်​သူ​များ ဖြစ်​ကြ​သ​တည်း။

17 နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏​ဘ​ထွေး တော်​မ​ဿ​နိ​အား ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း တင်​ပြီး​လျှင်​ဇေ​ဒ​ကိ​ဟု​နာ​မည်​ပြောင်း ၍​ခေါ်​တွင်​စေ​၏။

18 ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ယေ​ရု​ရှ​လင် မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး၊ ဟာ​မု​တာ​လ​ဖြစ်​၏။-

19 ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​နည်း​တူ​ပင် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​လေ​သည်။-

20 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။