1 ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-
2 ထိုနောက်ဇေဒကိ၏နန်းစံတစ်ဆယ့်တစ်နှစ် မြောက်တိုင်အောင် မြို့ကိုဝိုင်းထား၏။-
3 ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
4 ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
5 သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
6 ရန်သူတို့သည်ဇေဒကိအားနေဗုခဒ်နေဇာ မင်းရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားကြ ရာ နေဗုခဒ်နေဇာသည်ထိုအရပ်၌ပင်စီရင် ချက်ချမှတ်လေသည်။-