27 ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်သည်မိမိ နန်းတက်တော်မူသောနှစ်၌ ယုဒဘုရင်ယေခေါ နိအားအကျဉ်းထောင်မှလွှတ်သောအားဖြင့် ကရုဏာပြတော်မူ၏။ ယေခေါနိအကျဉ်း ကျပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်ဒွါ ဒသမလနှစ်ဆယ့်ခုနစ်ရက်နေ့၌ဤသို့ ဖြစ်ပျက်သတည်း။-
28 ဧဝိလမေရောဒက်သည်ယေခေါနိအားကြင်နာ စွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင်ပြည်နှင်ဒဏ်သင့် လျက်နေသော အခြားဘုရင်များထက်ပို၍ချီး မြှင့်မြှောက်စားတော်မူ၏။-
29 သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များကိုလဲ ခွင့်ရလျက် မိမိအသက်ရှည်သမျှကာလပတ် လုံးမင်းကြီးနှင့်အတူပွဲတော်တည်ခွင့်ကိုရရှိ လေသည်။-
30 မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်နေ့စဉ်မှန်မှန် အသုံးစရိတ်ကိုလည်း တစ်သက်လုံးရရှိ၏။ ဋ္ဌမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။