8 တိုက်ခိုက်ရန်အဘယ်လမ်းဖြင့်ချီတက်ကြပါမည် နည်း'' ဟုမေး၏။ယောရံက``ကျွန်ုပ်တို့သည်ဧဒုံတောကန္တာရလမ်းကို ဖြတ်၍ လမ်းရှည်ဖြင့်ချီတက်ကြပါမည်'' ဟုဖြေ ကြား၏။
9 သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊-
10 ယောရံမင်းက``ငါတို့အခက်ကြုံပြီ။ ထာဝရ ဘုရားသည် ငါတို့မင်းသုံးပါးကိုမောဘဘုရင် ၏လက်သို့အပ်တော်မူလေပြီတကား'' ဟုဆို၏။
11 ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
12 ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
13 ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
14 ဧလိရှဲက``ငါကိုးကွယ်လျက်နေသောအနန္တ တန်ခိုးရှင်ထာဝရဘုရား အသက်ရှင်တော်မူ သည့်အတိုင်းအကယ်၍ငါသည်ယုဒဘုရင် ယောရှဖတ်၏မျက်နှာတော်ကိုသာမထောက် ခဲ့သော်သင့်အားလှည့်၍ပင်ကြည့်မည်မဟုတ် ပါ။-