19 ရုတ်တရက်``ခေါင်းကိုက်သည်၊ ခေါင်းကိုက်သည်၊'' ဟု ဆို၏။သို့ဖြစ်၍ဖခင်သည် အစေခံတစ်ယောက်အား``ဤ သူငယ်ကိုချီ၍သူ၏မိခင်ထံသို့ပို့လော့'' ဟု အမိန့်ပေး၏။-
20 အစေခံသည်လည်းသူငယ်ကိုချီ၍ သူ၏မိခင် ထံသို့ပို့၏။ မိခင်သည်သားငယ်ကိုမွန်းတည့်ချိန် တိုင်အောင် မိမိ၏ပေါင်ပေါ်တွင်တင်ထား၏။ ထို အချိန်၌သူငယ်သေဆုံးသွားလေသည်။-
21 ထို့ကြောင့်မိခင်သည်သူ့ကိုဧလိရှဲ၏အခန်း သို့ပွေ့ချီကာ ကုတင်ပေါ်မှာတင်ပြီးနောက် တံခါးကိုပိတ်ထား၏။-
22 ထိုနောက်မိမိ၏ခင်ပွန်းကိုခေါ်၍``ပရောဖက် ဧလိရှဲထံသို့ကျွန်မသွားရပါမည်။ အစေခံ တစ်ယောက်နှင့်မြည်းတစ်ကောင်ကိုကျွန်မထံ သို့စေလွှတ်ပေးပါ'' ဟုပြော၏။
23 ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
24 ထိုနောက်သူသည်မြည်းကိုကုန်းနှီးတင်စေပြီး လျှင် အစေခံအား``မြည်းကိုအမြန်ဆုံးမောင်း နှင်ပေးပါ။ ငါအမိန့်မပေးဘဲအသွားမနှေး စေနှင့်'' ဟုမှာကြားထား၏။-
25 သို့ဖြစ်၍အမျိုးသမီးသည်ဧလိရှဲရှိရာ ကာရ မေလတောင်ထိပ်သို့ထွက်ခွာသွားလေသည်။သူ့ကိုအဝေးမှလာနေသည်ကိုဧလိရှဲမြင်နေ သဖြင့် မိမိ၏အစေခံဂေဟာဇိအား``ရှုနင်မြို့ သူလာနေပါသည်တကား။-