1 ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
2 အဆောင်သစ်တစ်ဆောင်ဆောက်လုပ်နိုင်ရန် အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နားသို့သွား၍ သစ်ပင်ခုတ်လှဲပါရစေ'' ဟုအခွင့်တောင်းကြ၏။ဧလိရှဲက``ကောင်းပြီ'' ဟုဆို၏။
3 ပရောဖက်တစ်ပါးကဧလိရှဲအား မိမိတို့နှင့် အတူလိုက်ရန်တိုက်တွန်းသည့်အတိုင်း ဧလိရှဲ သည်သဘောတူသဖြင့်၊-
4 သူတို့သည်အတူတကွသွားကြလေသည်။ သူတို့သည်ယော်ဒန်မြစ်သို့ရောက်သောအခါ အလုပ်ကိုစကြ၏။-