1 ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
2 အဆောင်သစ်တစ်ဆောင်ဆောက်လုပ်နိုင်ရန် အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နားသို့သွား၍ သစ်ပင်ခုတ်လှဲပါရစေ'' ဟုအခွင့်တောင်းကြ၏။ဧလိရှဲက``ကောင်းပြီ'' ဟုဆို၏။
3 ပရောဖက်တစ်ပါးကဧလိရှဲအား မိမိတို့နှင့် အတူလိုက်ရန်တိုက်တွန်းသည့်အတိုင်း ဧလိရှဲ သည်သဘောတူသဖြင့်၊-
4 သူတို့သည်အတူတကွသွားကြလေသည်။ သူတို့သည်ယော်ဒန်မြစ်သို့ရောက်သောအခါ အလုပ်ကိုစကြ၏။-
5 သူတို့အထဲမှလူတစ်ယောက်သည်သစ်ပင် ကိုခုတ်လှဲနေစဉ် သူ၏ပုဆိန်သည်ရေထဲသို့ ကျသွား၏။ ထိုအခါသူသည်ဧလိရှဲအား``အ ရှင်၊ အကျွန်ုပ်အဘယ်သို့ပြုရပါမည်နည်း။ ထိုပုဆိန်သည်ငှားယူခဲ့သောပုဆိန်ဖြစ် ပါ၏'' ဟုဟစ်အော်၍ပြော၏။
6 ဧလိရှဲက``ပုဆိန်အဘယ်မှာကျသနည်း'' ဟု မေးလျှင်ထိုသူသည်ကျသည့်နေရာကိုပြ၏။ ဧလိရှဲ သည်တုတ်တစ်ချောင်းကိုခုတ်၍ရေထဲသို့ပစ် ချကာ ပုဆိန်ကိုပေါလောပေါ်စေပြီးနောက်၊-
7 ``ထိုပုဆိန်ကိုဆယ်ယူလော့'' ဟုဆို၏။ ထိုသူ သည်လည်းလက်ကိုဆန့်၍ပုဆိန်ကိုဆယ်ယူ လိုက်လေသည်။