13 မင်းကြီးက``ထိုသူအဘယ်မှာရှိသည်ကို စုံစမ်းကြလော့။ သူ့အားငါဖမ်းဆီးမည်'' ဟုမိန့်တော်မူ၏။မင်းကြီးသည်ဒေါသန်မြို့တွင်ဧလိရှဲရှိနေ ကြောင်း ကြားသိတော်မူသောအခါ-
14 မြင်းစီးသူရဲများ၊ စစ်ရထားများနှင့်စစ်သည် ဗိုလ်ခြေတို့ကိုထိုအရပ်သို့စေလွှတ်တော်မူ၏။ သူတို့သည်ညဥ့်အချိန်၌ရောက်ရှိလာကာထို မြို့ကိုဝိုင်းရံထားကြ၏။-
15 နောက်တစ်နေ့နံနက်စောစော၌ဧလိရှဲ၏ အစေခံသည်ထ၍အိမ်ပြင်သို့ထွက်လိုက်ရာ မြို့ကိုဝိုင်းရံထားသောရှုရိတပ်သားများနှင့် တကွမြင်းစီးသူရဲများ၊ စစ်ရထားများကို မြင်လေ၏။ သူသည်ဧလိရှဲထံသို့ပြန်လာပြီး လျှင်``ကျွန်တော်တို့ခက်ချေပြီ။ အဘယ်သို့ပြု ရကြပါမည်နည်း'' ဟုဟစ်အော်၍ပြော၏။
16 ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။-
17 ထိုနောက်သူသည်``အို ထာဝရဘုရား၊ ဤသူ၏ မျက်စိကိုဖွင့်တော်မူပါ'' ဟုဆုတောင်းသည် အတိုင်းထာဝရဘုရားသည်ထိုသူ၏မျက်စိ ကိုဖွင့်တော်မူသဖြင့် သူသည်ဧလိရှဲ၏ပတ် လည်တောင်ကုန်းပေါ်၌ မီးမြင်းများနှင့်မီး စစ်ရထားများပြည့်နှက်လျက်နေသည်ကို မြင်လေ၏။
18 ရှုရိတပ်ချဉ်းကပ်လာသောအခါဧလိရှဲက``အို ထာဝရဘုရား၊ ထိုသူတို့အားမျက်စိကွယ် စေတော်မူပါ'' ဟုဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည်ထိုသူတို့အားမျက်စိ ကွယ်စေတော်မူ၏။-
19 ထိုအခါဧလိရှဲသည်သူတို့ထံသို့သွားပြီး လျှင်``သင်တို့လမ်းမှားနေကြသည်။ ဤမြို့သည် သင်တို့ရှာသောမြို့မဟုတ်။ ငါ့နောက်သို့လိုက် ခဲ့ကြလော့။ သင်တို့အလိုရှိသူထံသို့ငါပို့ ဆောင်ပေးမည်'' ဟုဆို၏။ ထိုနောက်ထိုသူတို့ အားရှမာရိမြို့သို့ခေါ်ဆောင်သွားလေသည်။