19 ထိုအခါဧလိရှဲသည်သူတို့ထံသို့သွားပြီး လျှင်``သင်တို့လမ်းမှားနေကြသည်။ ဤမြို့သည် သင်တို့ရှာသောမြို့မဟုတ်။ ငါ့နောက်သို့လိုက် ခဲ့ကြလော့။ သင်တို့အလိုရှိသူထံသို့ငါပို့ ဆောင်ပေးမည်'' ဟုဆို၏။ ထိုနောက်ထိုသူတို့ အားရှမာရိမြို့သို့ခေါ်ဆောင်သွားလေသည်။
20 သူတို့မြို့တွင်းသို့ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ဧလိရှဲသည်``အို ထာဝရဘုရား၊ ဤသူတို့၏ မျက်စိကိုဖွင့်တော်မူ၍တစ်ဖန်မြင်စေတော် မူပါ'' ဟုဆုတောင်းသည့်အတိုင်းထာဝရ ဘုရားသည် သူတို့အားမျက်စိအလင်းကို ပြန်၍ပေးတော်မူသောအခါ သူတို့သည် ရှမာရိမြို့တွင်းသို့ရောက်ရှိနေသည်ကို မြင်ရကြ၏။
21 ဣသရေလဘုရင်သည်ရှရိအမျိုးသားတို့ ကိုတွေ့သောအခါ ဧလိရှဲအား``အရှင်၊ သူတို့ အားသတ်ရပါမည်လော။ သူတို့အားသတ်ရ ပါမည်လော'' ဟုမေးတော်မူ၏။
22 ဧလိရှဲက``မသတ်ပါနှင့်။ တိုက်ပွဲတွင်ဖမ်းဆီးရ မိသည့်စစ်သည်များကိုပင်လျှင်သတ်ရသည်မ ဟုတ်ပါ။ သူတို့အားစားသောက်ဖွယ်ရာများကို ကျွေးမွေး၍ သူတို့၏ဘုရင်ထံသို့ပြန်ခွင့်ပေး တော်မူပါ'' ဟုဆို၏။-
23 သို့ဖြစ်၍ဣသရေလဘုရင်သည်စားပွဲကြီး ခင်းကျင်း၍ သူတို့အားစားသောက်စေပြီး သောအခါ ရှုရိဘုရင်ထံသို့ပြန်စေတော် မူ၏။ ထိုနေ့မှအစပြု၍ရှုရိအမျိုးသား တို့သည် ဣသရေလပြည်ကိုတိုက်ခိုက်လုယက် မှုမပြုဝံ့ကြတော့ချေ။
24 ကာလအနည်းငယ်ကြာသောအခါရှုရိဘုရင် ဗင်္ဟာဒဒ်သည် ဣသရေလပြည်သို့မိမိ၏တပ်မ တော်တစ်ခုလုံးနှင့်ချီတက်၍ရှမာရိမြို့ကို ဝိုင်းရံထားသဖြင့်၊-
25 မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။