24 ကာလအနည်းငယ်ကြာသောအခါရှုရိဘုရင် ဗင်္ဟာဒဒ်သည် ဣသရေလပြည်သို့မိမိ၏တပ်မ တော်တစ်ခုလုံးနှင့်ချီတက်၍ရှမာရိမြို့ကို ဝိုင်းရံထားသဖြင့်၊-
25 မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
26 ဣသရေလဘုရင်သည်မြို့ရိုးပေါ်တွင်လမ်းလျှောက် သွားစဉ် အမျိုးသမီးတစ်ယောက်က``အရှင်မင်း ကြီး၊ ကျွန်တော်မအားကယ်တော်မူပါ'' ဟုဟစ် အော်လေသည်။
27 မင်းကြီးက``သင့်အားထာဝရဘုရားကယ်တော် မမူလျှင် ငါအဘယ်သို့ကယ်နိုင်ပါမည်နည်း။ ငါ့မှာဂျုံဆန်သော်လည်းကောင်း၊ စပျစ်ရည် သော်လည်းကောင်းရှိပါသလော။-
28 သင်၏အခက်အခဲကားအဘယ်သို့နည်း'' ဟုမေးတော်မူ၏။အမျိုးသမီးက``ဤမိန်းမသည်ယမန်နေ့က`သင် ၏သားကိုငါတို့ယနေ့စားကြပြီးလျှင် နောက် တစ်နေ့၌ငါ၏သားကိုစားကြပါမည်' ဟု ကျွန်တော်မအားပြောပါ၏။-
29 သို့ဖြစ်၍ကျွန်တော်မ၏သားကိုချက်ပြုတ်စား ကြပြီးလျှင် နောက်တစ်နေ့၌ကျွန်တော်မက သူ၏သားကိုစားရန်ပြောသောအခါ သူသည် ကလေးကိုဝှက်ထားပါသည်'' ဟုလျှောက်၏။
30 ဤအကြောင်းကိုကြားသောအခါမင်းကြီးသည် ဝမ်းနည်းစိတ်ပျက်လျက် မိမိ၏အဝတ်တော်ကို ဆုတ်သဖြင့် ထိုအဝတ်တော်အောက်တွင်ဝတ်ဆင် ထားသောလျှော်တေကိုမြို့ရိုးအနီးရှိလူတို့ တွေ့မြင်ရကြလေသည်။-