7 ``ထိုပုဆိန်ကိုဆယ်ယူလော့'' ဟုဆို၏။ ထိုသူ သည်လည်းလက်ကိုဆန့်၍ပုဆိန်ကိုဆယ်ယူ လိုက်လေသည်။
8 ရှုရိဘုရင်သည်ဣသရေလပြည်နှင့်စစ်ဖြစ် နေချိန်၌ မိမိ၏တပ်မှူးများနှင့်တိုင်ပင်၍ တပ်စခန်းချရန်နေရာကိုရွေးချယ်၏။-
9 သို့ရာတွင်ဧလိရှဲကဣသရေလဘုရင်အား``ဤ မည်သောနေရာတွင်ရှုရိအမျိုးသားတို့သည် ခြုံ ခိုတိုက်ခိုက်ရန်စောင့်လျက်နေကြပါသည်။ သို့ ဖြစ်၍ထိုနေရာသို့မသွားပါနှင့်'' ဟုလူလွှတ် ၍သတိပေးလေသည်။-
10 ထို့ကြောင့်ဣသရေလဘုရင်သည်ထိုအရပ်တွင် နေထိုင်သူတို့အား ကြိုတင်သတိပေး၍သတိ ဝိရိယနှင့်စောင့်နေစေ၏။ ဤသို့ဖြစ်ပျက်သည် မှာအကြိမ်ကြိမ်အဖန်ဖန်ပင်ဖြစ်သတည်း။
11 ရှုရိဘုရင်သည်လွန်စွာစိတ်ပူပန်သဖြင့် မိမိ၏ တပ်မှူးများကိုခေါ်၍``သင်တို့အနက်အဘယ် သူသည် ဣသရေလဘုရင်ဘက်သို့ပါနေသနည်း'' ဟုမေးတော်မူ၏။
12 တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။
13 မင်းကြီးက``ထိုသူအဘယ်မှာရှိသည်ကို စုံစမ်းကြလော့။ သူ့အားငါဖမ်းဆီးမည်'' ဟုမိန့်တော်မူ၏။မင်းကြီးသည်ဒေါသန်မြို့တွင်ဧလိရှဲရှိနေ ကြောင်း ကြားသိတော်မူသောအခါ-