16-17 ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။-
18 သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-
19 သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။
20 ယဟောရံနန်းစံနေချိန်၌ဧဒုံပြည်သည် ယုဒ ပြည်ကိုပုန်ကန်၍လွတ်လပ်သောနိုင်ငံဖြစ်လာ လေသည်။-
21 သို့ဖြစ်၍ယဟောရံသည်မိမိ၏စစ်ရထား အလုံးအရင်းနှင့် ဇာဣရမြို့သို့ချီတက်တော် မူရာထိုအရပ်တွင် ဧဒုံတပ်မတော်၏ဝိုင်းရံ ခြင်းကိုခံရလေသည်။ မင်းကြီးနှင့်စစ်ရထား မှူးတို့သည် ယင်းသို့ဝိုင်းရံမှုကိုချိုးဖောက်လွတ် မြောက်သွားကြ၏။ သူ၏စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ကစဥ့်ကရဲထွက်ပြေး ကြကုန်၏။-
22 ထိုအခါမှအစပြု၍ယခုတိုင်ဧဒုံပြည် သည် ယုဒသြဇာခံမဟုတ်တော့ဘဲလွတ်လပ် သောနိုင်ငံဖြစ်လာလေသည်။ ထိုအချိန်ကာလ ၌လိဗနမြို့သည်လည်းပုန်ကန်လေ၏။
23 ယဟောရံလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-