16 ထိုနောက်သူသည်မိမိ၏စစ်ရထားပေါ်သို့ တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွားလေ သည်။ ယောရံ၏ဒဏ်ရာများမပျောက်သေး သဖြင့် ယုဒဘုရင်အာခဇိသည်သူ့ထံသို့ လာရောက်လည်ပတ်လျက်ရှိ၏။
17 ယေဇရေလမြို့မျှော်စင်ပေါ်တွင်တာဝန်ကျ သောကင်းစောင့်သည် ယေဟုနှင့်သူ၏လူစု တို့ချဉ်းကပ်လာနေသည်ကိုမြင်လျှင်``မြင်း စီးသူလူအချို့လာနေသည်ကိုမြင်ပါသည်'' ဟုဟစ်အော်၏။ယောရံက``ထိုသူတို့သည်မိတ်ဆွေများသို့ မဟုတ်ရန်သူများဖြစ်သည်ကို သိရှိနိုင်ရန် မြင်းစီးသူရဲတစ်ယောက်ကိုစေလွှတ်စုံစမ်း လော့'' ဟုအမိန့်ပေးတော်မူ၏။
18 မင်းကြီး၏စေတမန်သည်ယေဟုထံရောက် ၍``အရှင်သည်မိတ်ဆွေအနေဖြင့်လာပါ သလောဟုမင်းကြီးကစုံစမ်းခိုင်းပါ သည်'' ဟုမေး၏။ယေဟုက``ဤကိစ္စသည်သင်နှင့်မသက်ဆိုင်။ ငါ့ နောက်မှလိုက်လော့'' ဟုဆို၏။ထိုစေတမန်သည်ယေဟုထံသို့ရောက်ရှိသွား သော်လည်း ပြန်မလာဘဲနေသည်ကိုမျှော်စင် ပေါ်ရှိကင်းစောင့်ကအစီရင်ခံသောအခါ၊-
19 မင်းကြီးသည်အခြားစေတမန်တစ်ယောက် ကိုလွှတ်ပြန်၏။ သူသည်လည်းရှေးနည်းတူ ယေဟုအားမေး၏။ ယေဟုက``ဤကိစ္စသည် သင်နှင့်မသက်ဆိုင်။ ငါ့နောက်မှလိုက်လော့'' ဟုဆိုပြန်၏။
20 ထိုစေတမန်သည်ယေဟုတို့လူစုထံသို့ ရောက်ရှိသွားသော်လည်း ပြန်မလာဘဲနေ သည်ကိုကင်းစောင့်သည်နောက်တစ်ကြိမ်အစီ ရင်ခံပြန်၏။ ထိုနောက်သူသည်ဆက်လက်၍``ထို လူစု၏ခေါင်းဆောင်သည် မိမိစစ်ရထားကို ယေဟုမောင်းနှင်သကဲ့သို့ပင် သူရူးသဖွယ် အပြင်းမောင်းနှင်လာပါသည်'' ဟုလျှောက် ထား၏။
21 ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
22 ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။