9 ဣသရေလဘုရင်ယေရောဗောင်နှင့်ဗာရှာတို့ ၏အိမ်ထောင်စုတို့ကို ငါစီရင်ခဲ့သည့်နည်းတူ အာဟပ်၏အိမ်ထောင်စုကိုလည်းငါစီရင်မည်။-
10 ယေဇဗေလ၏အလောင်းကိုသင်္ဂြိုဟ်ရလိမ့် မည်မဟုတ်။ သူ၏အလောင်းသည်ယေဇရေလ အရပ်တွင် ခွေးစာဖြစ်လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ ထိုနောက်ပရောဖက်ငယ် သည်အခန်းထဲမှထွက်ပြေးလေ၏။
11 ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
12 ထိုသူတို့က``ငါတို့မသိပါ။ သူပြောသည့် စကားကိုငါတို့သိပါရစေ'' ဟုဆိုကြ၏။ယေဟုက``ထိုသူသည်ငါ့အား`သင့်ကိုဣသ ရေလဘုရင်အဖြစ် ထာဝရဘုရားဘိသိက် ပေးတော်မူပြီ' ဟုပြောပါသည်'' ဟူ၍ပြန် ပြောလေ၏။
13 ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။
14-15 ထိုနောက်ယေဟုသည်ယောရံမင်းအားလုပ် ကြံရန် လျှို့ဝှက်ကြံစည်လေသည်။ ထိုအခါ မင်းကြီးသည် ရှုရိဘုရင်ဟာဇေလနှင့်ရာ မုတ်မြို့တွင်တိုက်ပွဲဖြစ်ရာမှ ရရှိခဲ့သည့် ဒဏ်ရာများကိုကုသရန်ယေဇရေလမြို့ သို့သွားနှင့်ပြီ။ သို့ဖြစ်၍ယေဟုကမိမိ ၏အဖော်တပ်မှူးတို့အား``သင်တို့သည်ငါ ၏ဘက်တော်သားများဖြစ်ပါလျှင် ယေဇ ရေလမြို့သားတို့အားကြိုတင်သတိပေး ရန်မည်သူတစ်စုံတစ်ယောက်မျှရာမုတ်မြို့ မှမထွက်ပါစေနှင့်'' ဟုဆို၏။-
16 ထိုနောက်သူသည်မိမိ၏စစ်ရထားပေါ်သို့ တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွားလေ သည်။ ယောရံ၏ဒဏ်ရာများမပျောက်သေး သဖြင့် ယုဒဘုရင်အာခဇိသည်သူ့ထံသို့ လာရောက်လည်ပတ်လျက်ရှိ၏။