28 ညီအစ်ကိုတို့၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။
29 ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။
30 သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကိုနှင်ထုတ်လော့။ ကျွန်မ ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။
31 ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏။