1 ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့တို့ကို ညှဉ်းဆဲခြင်းငှါစီရင်၍၊
2 ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထားနှင့်ကွပ်မျက် လေ၏။
3 ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
4 ပေတရုကိုလည်း ဘမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်တွင်လှောင်ထားလေ၏။
5 ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။
6 ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန်တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။