တမန်တော်ဝတ္ထု 21:5-11 BJB

5 ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက်ကြ၍ ငါတို့သည်ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။

6 အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။

7 တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊

8 နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။

9 ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။

10 ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊

11 ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက်ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါးအမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။