တမန်တော်ဝတ္ထု 7:28-34 BJB

28 မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ်လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။

29 ထိုစကားကိုကြားလျှင်၊ မောရှေသည် ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ်ယောက်ကိုမြင်လေ၏။

30 အနှစ်လေးဆယ်လွန်သောအခါ၊ သိနာတောင် ခြေရင်းတောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ ကောင်းကင်တမန်ထင်ရှား၏။

31 ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ၍စေ့စေ့ကြည့်ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊

32 ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏ ဟုထာဝရဘုရား၏ ဗျာဒိတ် တော်အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ။

33 ထာဝရဘုရားကလည်း၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေဖြစ်၏။

34 အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွားမြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နှုတ်ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။