1 တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထို ဘဏ္ဍာစိုးသည် သင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင် ကြသော်၊
2 သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။
3 ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက်၏။
4 ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊
5 သခင်၏ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင်၊
6 ထိုသူက၊ ဆီအခွက်တထောင်ပေးရန် ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို၏။