၁ ကော 14:2-8 BJB

2 အကြောင်းမူကား၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရား သခင်အားပြော၏။ သူ၏စကားကို အဘယ်သူမျှ နားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။

3 ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှါ လူတို့အားဟောပြော၏။

4 အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက် ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။

5 သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှါ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြလျှင်၊ သူ့ထက်ပရောဖက် ပြုသောသူသည်သာ၍မြတ်သတည်း။

6 ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်းတခုခုကို မပြုဘဲ လျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။

7 ထိုနည်းတူ၊ အသံမြည်တတ်သော အဝိညာဏကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည် လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း။

8 တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။