14 အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒအမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာလျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
15 ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြောကြသည်ကား၊
16 သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။
17 ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူးသကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ်အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာစွာ နေရကြ၏။
18 ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
19 ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။
20 ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်းတို့အား ယေရမိပြန်ပြောသည်ကား၊