ယေ​ရ​မိ 51:24-30 BJB

24 သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက်ရှိသည်အတိုင်း၊ ငါသည် သင်တို့ မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

25 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီးတတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကို ဖျက်ဆီးတတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့် အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်။ ကျောက်တို့မှ သင့်ကို လှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သောတောင်ဖြစ်စေမည်။

26 တိုက်ထောင့်အထွဋ်ကျောက်၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင်၏အထဲကမနှုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

27 ထိုပြည်၌အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏ တဘက်၌ ပြင်ဆင်ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည်တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေးကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီစေကြလော့။

28 လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏တဘက်၌ ပြင်ဆင်ကြလော့။

29 ဗာဗုလုန်ပြည်သည်တုန်လှုပ်၍ လိမ့်လိမ့်မည်။ ထိုပြည်သည်နေသူမရှိ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည်ရှိသမျှသည် ပြည့်စုံရလိမ့်မည်။

30 ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။