2 ငါသည် ငါ၏ လူမျိုးကို စွန့်၍ ထွက်သွားနိုင် အောင် တော၌ တဲစားခန်းရှိပါစေသော။ အကြောင်းမူ ကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။
3 သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
4 လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့။ မိမိ ညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်းအဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြလိမ့်မည်။
5 အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကိုတယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကိုကိုယ် ပင်ပန်းစေကြပြီ။
6 သင်၏ နေရာသည် မုသာအရပ်၌ရှိ၏။ အရပ်သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။
7 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါသည်သူတို့ကို အရည်ကျို ၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုး သတို့သမီး၌ အဘယ် သို့ ငါပြုရမည်နည်း။
8 သူတို့လျှာသည် သေစေတတ်သောမြှားဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။