4 ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ချက်ချင်းတိုက်၍ တပြိုင်နက်မီးရှို့မည်။
5 သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ငါနှင့် မိဿဟာယဖွဲ့ကြစေ။ ငါနှင့် မိဿဟာယဖွဲ့ကြစေသော။
6 နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။
7 သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည်နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ၊ သူသည်အသေသတ်ခြင်းကို ခံရသလော။
8 သူ့ကို စွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ ၏။ အရှေ့လေလာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။
9 ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။
10 သို့သော်လည်း၊ ခိုင်ခံ့သောမြို့သည်၊ ဆိတ်ညံသောအရပ်၊ တောကဲ့သို့ စွန့်၍ ပစ်ထားသောနေရာဖြစ် လိမ့်မည်။ ထိုအရပ်၌ နွားသငယ်သည် ကျက်စားလျက်၊ အိပ်လျက်နေ၍၊ အညွန့်များကို ကိုက်စားလိမ့်မည်။