1 ကြည့်ရှုလော့။ တရားသဖြင့် အုပ်စိုးသောရှင်ဘုရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှုးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည်။
2 ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့၎င်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
3 မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့် မည်။
4 သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသော သူ၏လျှာသည်လည်း စကားပြီအောင် ပြောတတ်လိမ့်မည်။
5 ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ၍၎င်း၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သော သူဟူ၍၎င်း မခေါ်ရ။
6 အကြောင်းမူကား၊ ယုတ်သောသူသည် လျို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ် သောသူကို သာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ၎င်း၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည်။