24 ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။
25 ဣသရေလအမျိုး တမျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသော သူတယောက်မျှမရှိ။ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တခုမျှမရှိ။
26 ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။
27 အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။
28 အဗရှလုံသည် ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊
29 ယွာဘကိုရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။
30 ဒုတိယအကြိမ်ခေါ်သော်လည်း မလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏ လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည် မီးရှို့ကြ၏။