၄ ရာ 17:19-25 BJB

19 ယုဒအမျိုးမူကား၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ပညတ်တရားတော်ကိုမစောင့်၊ ဣသရေလအမျိုးလိုက် သော ထုံးစံဓလေ့သို့ လိုက်ကြ၏။

20 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့ လက်၌အပ်တော်မူ၏။

21 ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏ သားယေရောဗောင်ကို ရှင်ဘုရင် အရာ၌ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့ လိုက်ရာလမ်းမှ ဣသရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။

22 သို့ဖြစ်၍ ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။

23 ထာဝရဘုရားသည် မိမိကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမှီ တိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့်နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ၏။

24 အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကို ဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ ရွာတို့ကို သိမ်းယူ၍ နေရာကျကြ၏။

25 နေရာကျစက ထာဝရဘုရားကို မရိုသေသော ကြောင့်၊ ခြင်္သေ့တို့ကို စေလွှတ်၍ အချို့တို့ကို ကိုက်စေတော်မူ၏။