၄ ရာ 9:30-36 BJB

30 ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှုလျက် နေ၏။

31 ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာရသလောဟု မေးလျှင်၊

32 ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။

33 ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊

34 စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ်လော့ဟု ဆိုသည်အတိုင်း၊

35 သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန်လာ၍ ကြားလျှောက်ကြ၏။

36 ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။