5 သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
6 သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။
7 ငါတို့ချစ်သောညီ၊ သစ္စာရှိသောအမှုတော် ဆောင်၊ သခင်ဘုရား၏အမှုတော်၌ငါတို့နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူတုခိတ်သည်ငါနှင့်ပတ် သက်သည့်သတင်းအလုံးစုံကိုသင်တို့အား ပြောပြလိမ့်မည်။-
8 ငါတို့၏အခြေအနေကိုသင်တို့အားပြော ပြခြင်းအားဖြင့်သင်တို့ကိုအားတက်စေရန် ငါသည်သူ့အားသင်တို့ထံသို့စေလွှတ်လိုက် ခြင်းဖြစ်ပေသည်။-
9 သူနှင့်အတူသြနေသိမ်လည်းလိုက်ပါလာပါ လိမ့်မည်။ သြနေသိမ်သည်ငါတို့ချစ်သောညီ၊ သစ္စာရှိသောသူဖြစ်၏။ သူသည်သင်တို့အသိုင်း အဝိုင်းထဲကဖြစ်၏။ သူတို့သည်ဤအရပ်တွင် ဖြစ်ပျက်သမျှကိုသင်တို့အားပြောပြလိမ့်မည်။
10-11 ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
12 ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-