ဂ​လာ​တိ 1:14-21 BCL

14 ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။

15-16 သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။-

17 ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။-

18 သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။-

19 သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။

20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

21 ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။-