ဂ​လာ​တိ 2:18-21 BCL

18 အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။-

19 ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။-

20 သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။-

21 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။