ဂ​လာ​တိ 4:1-7 BCL

1 ဆက်​လက်​၍​ဖော်​ပြ​ပါ​မည်။ လူ​တစ်​ဦး​တစ်​ယောက် ၏​သား​သည်​အ​ဖ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​အ​မွေ ခံ​ထိုက်​သ​ဖြင့် အ​မှန်​ပင်​ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း အ​ရွယ်​မ​ရောက်​မီ​ကာ​လ​အ​တွင်း​၌​ကျွန်​တစ် ယောက်​ကဲ့​သို့​နေ​ရ​၏။-

2 သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။-

3 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။-

4-5 သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။

6 သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-

7 သို့​ဖြစ်​၍​သင်​သည်​ကျွန်​မ​ဟုတ်​တော့​ဘဲ​သား ဖြစ်​လေ​ပြီ။ သား​ဖြစ်​သ​ဖြင့်​သား​များ​ခံ​စား ထိုက်​သည်​များ​ကို​ဘု​ရား​သ​ခင်​သည်​သင့် အား​ပေး​တော်​မူ​လတ္တံ့။