ဂ​လာ​တိ 4:12-18 BCL

12 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​ကဲ့​သို့​ဖြစ်​ကြ​ရန် ငါ​တောင်း​ပန်​၏။ ငါ​သည်​သင်​တို့​ကဲ့​သို့​ပင်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား ခဲ့​ကြ။-

13 ပ​ထ​မ​ဆုံး​အ​ကြိမ်​သင်​တို့​အား​သ​တင်း ကောင်း​ကို​ငါ​ဟော​ပြော​ကြေ​ညာ​ရ​ခြင်း​မှာ ငါ​၏​ကျန်း​မာ​ရေး​ချို့​တဲ့​မှု​ကြောင့်​ဖြစ် ကြောင်း​သင်​တို့​သိ​ကြ​၏။-

14 ငါ​၏​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့်​သင်​တို့ အ​တွက်​အ​နှောင့်​အ​ယှက်​ဖြစ်​သော်​လည်း သင်​တို့ သည်​ငါ့​ကို​အ​ထင်​အ​မြင်​မ​သေး​ကြ။ မ​ပစ် ပယ်​ကြ။ ငါ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ဖြစ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ် တော်​ယေ​ရှု​အား​ကြို​ဆို​သ​ကဲ့​သို့​လည်း​ကောင်း သင်​တို့​က​ငါ့​အား​ကြို​ဆို​လက်​ခံ​ကြ​၏။-

15 ထို​အ​ခါ​က​သင်​တို့​အ​လွန်​ပျော်​ကြ​ပါ​သည် တ​ကား။ ယ​ခု​အ​ဘယ်​သို့​ဖြစ်​ကြ​လေ​ပြီ​နည်း။ ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ဖြစ်​နိုင်​ပါ​မူ မိ​မိ တို့​၏​မျက်​စိ​များ​ကို​ပင်​လျှင်​ထုတ်​၍​ငါ့​အား ပေး​လှူ​လို​သည်​ဟု​ငါ​သက်​သေ​ခံ​၏။-

16 ယ​ခု​ငါ​သည်​သင်​တို့​အား​မှန်​ရာ​ကို​ပြော​ဆို သည့်​အ​တွက်​သင်​တို့​၏​ရန်​သူ​ဖြစ်​လေ​ပြီ​လော။

17 ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။-

18 ရိုး​သား​သည့်​ရည်​ရွယ်​ချက်​ဖြင့်​စိတ်​ဝင်​စား​လျှင် ကောင်း​၏။ ထို​သို့​သော​စိတ်​ဝင်​စား​မှု​သည်​သင်​တို့ နှင့်​အ​တူ​ငါ​ရှိ​နေ​ချိန်​အ​တွင်း​သာ​မ​က​အ​စဉ် ရှိ​အပ်​၏။-