ဂ​လာ​တိ 4:16-22 BCL

16 ယ​ခု​ငါ​သည်​သင်​တို့​အား​မှန်​ရာ​ကို​ပြော​ဆို သည့်​အ​တွက်​သင်​တို့​၏​ရန်​သူ​ဖြစ်​လေ​ပြီ​လော။

17 ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။-

18 ရိုး​သား​သည့်​ရည်​ရွယ်​ချက်​ဖြင့်​စိတ်​ဝင်​စား​လျှင် ကောင်း​၏။ ထို​သို့​သော​စိတ်​ဝင်​စား​မှု​သည်​သင်​တို့ နှင့်​အ​တူ​ငါ​ရှိ​နေ​ချိန်​အ​တွင်း​သာ​မ​က​အ​စဉ် ရှိ​အပ်​၏။-

19 ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။-

20 သင်​တို့​အား​ငါ​ဆုံး​မ​သံ​ပြောင်း​စေ​ရန်​ငါ​သည် ယ​ခု​ပင်​လျှင် သင်​တို့​နှင့်​အ​တူ​ရှိ​ချင်​ပါ​ဘိ။ ငါ သည်​သင်​တို့​အ​တွက်​အ​လွန်​စိုး​ရိမ်​ပူ​ပန်​လျက် ရှိ​၏။

21 ပ​ညတ်​တ​ရား​၏​လက်​အောက်​တွင်​နေ​လို​သူ​တို့၊ သင်​တို့​သည်​ပ​ညတ်​ကျမ်း​၏​မိန့်​ဆို​ချက်​ကို​မ ကြား​ကြ​သ​လော။-

22 ထို​ကျမ်း​က​အာ​ဗြ​ဟံ​တွင်​သား​နှစ်​ယောက်​ရှိ ကြောင်း၊ တစ်​ယောက်​သည်​ကျွန်​မ​နှင့်​ရ​သော​သား ဖြစ်​၍​အ​ခြား​တစ်​ယောက်​မှာ​လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​ဖြစ်​ကြောင်း​ဖော်​ပြ​ပေ​သည်။-