ဂ​လာ​တိ 4:24-30 BCL

24 ဤ​အ​ဖြစ်​အ​ပျက်​သည်​ပုံ​ဆောင်​ချက်​ဖြစ်​၏။ အ​မျိုး​သ​မီး​နှစ်​ယောက်​သည်​ပ​ဋိ​ညာဉ်​တော် နှစ်​ပါး​ကို​ဆို​လို​၏။ အ​မျိုး​သ​မီး​တစ်​ယောက် သည်​ဟာ​ဂ​ရ​ဖြစ်​၍​မွေး​ဖွား​သော​သား​သ​မီး များ​သည်​ကျွန်​ဖြစ်​ကြ​၏။ ဟာ​ဂ​ရ​သည်​သိ​နာ တောင်​တွင်​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​သ​ရုပ် ဆောင်​သ​တည်း။-

25 ဟာ​ဂ​ရ​သည်​အာ​ရေ​ဗျ​ပြည်​တွင်​ရှိ​သော​သိ​န တောင်​ကို​ကိုယ်​စား​ပြု​၏။ သူ​သည်​ယ​ခု​ကျွန်​ခံ နေ​ရ​သော​ယေ​ရု​ရှ​လင်​နှင့်​မြို့​သူ​မြို့​သား​များ ကို​သ​ရုပ်​ဆောင်​၏။-

26 သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ဆိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​ကား လွတ်​လပ်​သော​မြို့​ဖြစ်​၍​ငါ​တို့​၏​မိ​ခင် ဖြစ်​၏။-

27 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က၊``အ​ချင်း​မိန်း​မ​မြုံ၊သင်​သည်​ကိုယ်​ဝန်​မ​ဆောင်​ဘူး​သော်​လည်း ရွှင်​လန်း​ဝမ်း​မြောက်​လော့။သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​ဘူး​သော်​လည်း ကြွေး​ကြော်​အော်​ဟစ်​လော့။လင်​ယောကျာ်း​စွန့်​ပစ်​၍​ထား​သော​မိန်း​မ​သည်လင်​ရှိ​သော​မိန်း​မ​ထက်​ပင်​ပို​၍​သား​သ​မီး များ​ကို ရ​ရှိ​လိမ့်​မည်''ဟု​ဖော်​ပြ​သော​ကြောင့်​ဖြစ်​၏။

28 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဣ​ဇာက်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ရ​ဖွား​မြင် သော​သား​သ​မီး​များ​ဖြစ်​ကြ​၏။-

29 ထို​စဉ်​အ​ခါ​က​သာ​မန်​သ​ဘာ​ဝ​အား​ဖြင့် မွေး​ဖွား​သော​သား​သည် ဝိ​ညာဉ်​အား​ဖြင့်​မွေး ဖွား​သော​သား​အား​ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​၏။ ယခု အ​ခါ​၌​လည်း​ထို​နည်း​တူ​ပင်​ဖြစ်​၏။-

30 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က​အ​ဘယ်​သို့​ဖော်​ပြ သ​နည်း။ ``ဤ​ကျွန်​မ​နှင့်​သူ​၏​သား​ကို​နှင်​ထုတ် လော့။ ကျွန်​မ​၏​သား​သည်​လွတ်​လပ်​သော​မိန်း​မ ၏​သား​နှင့်​အ​တူ​အ​မွေ​စား​အ​မွေ​ခံ​မ​ဖြစ် ရ'' ဟု​ဖော်​ပြ​သည်။-