ဂ​လာ​တိ 5:1-4 BCL

1 ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။

2 နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​ဆို​သည်​ကား အ​ကယ်​၍ သင်​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ခံ​ကြ​မည်​ဆို​ပါ​က ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အ​ဘယ်​အ​ကျိုး​ကို​မျှ​မ​ရ​နိုင်​ကြ။-

3 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​တိုင်း​သည် ပ​ညတ် တ​ရား​အ​လုံး​စုံ​ကို​လိုက်​လျှောက်​ရ​လိမ့်​မည် ဖြစ်​ကြောင်း ယ​ခု​တစ်​ဖန်​ငါ​သတိ​ပေး​၏။-

4 ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို ပ​ညတ်​တ​ရား​လိုက်​လျှောက်​ခြင်း​အား​ဖြင့်​ရှာ လျှင် သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​ဆက်​ပြတ်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​တ​ရား​လက် အောက်​တွင်​မ​ရှိ​တော့​ပြီ။-