1 ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။
2 နားထောင်ကြလော့။ ငါပေါလုဆိုသည်ကား အကယ်၍ သင်တို့သည်အရေဖျားလှီးမင်္ဂလာ ကိုခံကြမည်ဆိုပါက ခရစ်တော်အားဖြင့် သင်တို့အဘယ်အကျိုးကိုမျှမရနိုင်ကြ။-
3 အရေဖျားလှီးမင်္ဂလာခံသူတိုင်းသည် ပညတ် တရားအလုံးစုံကိုလိုက်လျှောက်ရလိမ့်မည် ဖြစ်ကြောင်း ယခုတစ်ဖန်ငါသတိပေး၏။-
4 ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံမှုကို ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်ရှာ လျှင် သင်တို့သည်ခရစ်တော်နှင့်အဆက်ပြတ်၍ ဘုရားသခင်၏ကျေးဇူးတော်တရားလက် အောက်တွင်မရှိတော့ပြီ။-
5 ငါတို့မူကားဘုရားသခင်၏ဝိညာဉ်တော် ၏တန်ခိုးကိုအမှီပြုလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိလိမ့်မည်ဟုစောင့်စားမျှော်လင့် ကြ၏။-