3 အရေဖျားလှီးမင်္ဂလာခံသူတိုင်းသည် ပညတ် တရားအလုံးစုံကိုလိုက်လျှောက်ရလိမ့်မည် ဖြစ်ကြောင်း ယခုတစ်ဖန်ငါသတိပေး၏။-
4 ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံမှုကို ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်ရှာ လျှင် သင်တို့သည်ခရစ်တော်နှင့်အဆက်ပြတ်၍ ဘုရားသခင်၏ကျေးဇူးတော်တရားလက် အောက်တွင်မရှိတော့ပြီ။-
5 ငါတို့မူကားဘုရားသခင်၏ဝိညာဉ်တော် ၏တန်ခိုးကိုအမှီပြုလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိလိမ့်မည်ဟုစောင့်စားမျှော်လင့် ကြ၏။-
6 ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
7 ယခင်ကသင်တို့ပြုကျင့်ကြပုံမှာ အလွန် လျောက်ပတ်ပေသည်။ သမ္မာတရားတော်ကို မလိုက်မနာစေရန်ယခုသင်တို့အား အဘယ် သူဆီးတားသနည်း။ ထိုသူသည်သင်တို့အား အဘယ်သို့သွေးဆောင်သနည်း။-
8 ထိုသွေးဆောင်မှုသည်သင်တို့အား ရွေးကောက် တော်မူသောဘုရားသခင်ထံတော်မှလာ သည်မဟုတ်။-
9 ``မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေရန် တဆေးအနည်းငယ်သာလိုသည်'' ဟူသော ဆိုရိုးစကားကိုသတိပြုကြလော့။-