ဂ​လာ​တိ 6:15-18 BCL

15 လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။-

16 ဤ​သ​ဘော​တ​ရား​ကို​လိုက်​နာ​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​ပေါင်း​တို့​အ​ပေါ်​သို့​လည်း​ကောင်း ငြိမ် သက်​ခြင်း​နှင့်​က​ရု​ဏာ​တော်​သက်​ရောက်​ပါ စေ​သော။

17 နိ​ဂုံး​ချုပ်​ရ​မည်​ဆို​လျှင် ငါ့​အား​အ​ဘယ်​သူ​မျှ နောက်​ထပ်​မ​နှောင့်​ယှက်​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​၏​ကိုယ်​ပေါ်​တွင်​ရှိ​သော​ဒဏ်​ရာ​ဒဏ်​ချက် များ​က ငါ​သည်​သ​ခင်​ယေ​ရှု​၏​ကျွန်​ဖြစ်​ကြောင်း သက်​သေ​ပြ​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။

18 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ စေ​သော။ အာ​မင်။ ဂ​လာ​တိ​သြ​ဝါ​ဒ​စာ​ပြီး​၏။