တမန်တော်ဝတ္ထု 10:45-48 BCL

45 လူ​မျိုး​ခြား​တို့​သည်​လည်း​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​ကို​ခံ​ယူ​ရ​ရှိ​ကြ သည်​ဖြစ်​၍ ပေ​တ​ရု​နှင့်​အ​တူ​လိုက်​လာ​ကြ သော​ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သား​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​၏။-

46 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​ခြား​တို့​သည် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော ၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​သည်​ကို​ကြား​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ပေ​တ​ရု​က၊-

47 ``ဤ​သူ​တို့​သည်​ငါ​တို့​ကဲ့​သို့​ပင်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ​ဖြစ် ကြ​၏။ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​သူ​တို့​ဗတ္တိ ဇံ​မင်္ဂ​လာ​ခံ​ယူ​မှု​ကို​တားမြစ်​နိုင်​သ​နည်း'' ဟု ဆို​၏။-

48 ထို​နောက်​ပေ​တ​ရု​သည်​ထို​သူ​တို့​အား​ယေ​ရှု ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဗတ္တိ​ဇံ​မင်္ဂ​လာ ခံ​စေ​ရန်​အ​မိန့်​ပေး​လေ​၏။ ထို​နောက်​ပေ​တ​ရု အား​မိ​မိ​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ ထိုင်​ရန်​ထို​သူ​တို့​သည်​မေတ္တာ​ရပ်​ခံ​ကြ​၏။