14 သူသည်ပေတရု၏အသံကိုမှတ်မိသဖြင့် လွန်စွာဝမ်းမြောက်ရကား တံခါးကိုမဖွင့်ဘဲ အိမ်ထဲသို့ပြေးဝင်ကာတံခါးဝသို့ပေတရု ရောက်နေကြောင်းကိုလူတို့အားပြော၏။-
15 ထိုသူတို့က ``သင်ရူးလေပြီ'' ဟုဆို၏။ သို့ သော်အစေခံမကလေးကမိမိပြောသည့် အတိုင်း အမှန်ပင်ဖြစ်ကြောင်းပြောနေသဖြင့် သူတို့က ``ထိုသူသည်ပေတရု၏ကိုယ်စောင့် ကောင်းကင်တမန်ဖြစ်တန်ရာ၏'' ဟုဆိုကြ၏။
16 ပေတရုသည်တံခါးကိုခေါက်မြဲခေါက်လျက် နေသော် သူတို့သည်တံခါးဖွင့်လိုက်သောအခါ ပေတရုကိုမြင်သဖြင့်အံ့သြကြ၏။-
17 ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
18 မိုးလင်းသောအခါ ``ပေတရုအဘယ်မှာ နည်း'' ဟုဆို၍ အစောင့်စစ်သားတို့သည်လွန် စွာကြောက်လန့်တုန်လှုပ်ကြ၏။-
19 ဟေရုဒ်မင်းသည်ပေတရုကိုရှာစေရာမတွေ့ သဖြင့် အစောင့်စစ်သားတို့အားစစ်ဆေးမေး မြန်း၍ သေဒဏ်ပေးရန်အမိန့်ချမှတ်လိုက်လေ သည်။ထိုနောက်ဟေရုဒ်မင်းသည် ယုဒပြည်မှထွက်ခွာ ၍ ကဲသရိမြို့တွင်ကာလအနည်းငယ်စံနေ တော်မူ၏။
20 ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။