တမန်တော်ဝတ္ထု 13:26-32-33 BCL

26 ``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။-

27 ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့်​သူ​တို့​၏​ခေါင်း ဆောင်​များ​ကား ထို​အ​ရှင်​သည်​ကယ်​တင်​ရှင် ဖြစ်​သည်​ကို​မ​သိ​မ​မြင်​ကြ။ ဥ​ပုသ်​နေ့​တိုင်း မိ​မိ​တို့​ဖတ်​ကြ​သည့်​ပ​ရော​ဖက်​ကျမ်း​စ​ကား ကို​လည်း​နား​မ​လည်​ကြ။ သို့​သော်​ထို​သူ​တို့ သည်​ပ​ရော​ဖက်​များ​၏​ဟော​ကြား​ချက်​အ​တိုင်း ဖြစ်​ပျက်​စေ​ရန် ထို​အ​ရှင်​ကို​သေ​ဒဏ်​စီ​ရင် ကြ​၏။-

28 ဤ​သို့​သေ​ဒဏ်​စီ​ရင်​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​တွေ့​သော်​လည်း သေ​ဒဏ်​ပေး ရန်​ပိ​လတ်​မင်း​အား​တောင်း​ဆို​ကြ​၏။-

29 သူ​တို့​သည်​ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​ပြု​ကြ​ပြီး​နောက် ထို​အ​ရှင်​၏​တ​ပည့်​တို့ သည်​အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ ချ​၍​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။-

30 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။-

31 ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။-

32-33 ဒု​တိ​ယ​ဆာ​လံ​တွင်၊`သင်​သည်​ငါ​၏​သား​တော် ဖြစ်​၏။ ယ​နေ့​ပင်​သင့်​အား​သား​တော်​အ​ရာ​ကို ငါ​ပေး​ပြီ' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​နှင့်​အ​ညီ ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သော​က​တိ​တော်​ကို​သူ တို့​၏​သား​မြေး​ဖြစ်​သူ ငါ​တို့​အ​တွက်​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပြီ။ ငါ​တို့​သည်​ဤ​သ​တင်း ကောင်း​ကို​သင်​တို့​အား​ကြား​ပြော​ရန်​ဤ​အ​ရပ် သို့​ရောက်​ရှိ​နေ​ကြ​ခြင်း​ဖြစ်​၏။-